ထောက်ခံချက်ဘယ်လိုရေးရပါ့
09-Jan-2018အဘိုးအိုတစ်ဦး ဆေးခန်းတစ်ခုသို့ရောက်လာပြီး ဆရာဝန်အား -
“ ဒီမှာ ဆရာဝန်လေး။ အိမ်ကမြေးတွေက အဘိုးကိုသူငယ်ပြန်ပြီလို့ စွပ်စွဲတယ်။ အဲဒါ မခံနိုင်လို့ ဟုတ်မဟုတ်စစ်ဆေးပြီး ဆေးထောက်ခံချက်ရေးပေးပါ ”
“ ဟုတ်ကဲ့ အဘိုး။ ဒါဆို အဘိုးမနက်ဘယ်အချိန်ဆီးသွားသလဲ ”
“ ၆ နာရီ ”
“ ဘယ်အချိန်အလေးသွားပါသလဲ အဘိုး ”
“ ရ နာရီခွဲ ”
“ သြော် မေ့နေလို့။ ဘယ်အချိန်အိပ်ရာထပါသလဲ အဘိုး ”
“ ၈ နာရီပါ ”
“ ဟိုက် ”
Credit : မှူးအိမ်ဇင်